ယနေ့သည် သူမတို့၏ သီးသန့်ကမ္ဘာလေးမှ အဖွဲ့ဝင်များ တွေ့ဆုံရန် ချိန်းဆိုထားသည့်နေ့။
သူမ အနည်းငယ်စောနေသည်။ သူမမျက်လုံးများက ကီပိုနှင့် သူနှင့်အတူပါလာမည်ဖြစ်သော မီဒါတို့ကို ရှာနေမိသည်။ မတွေ့သေး။ သူတို့ နောက်ကျချင်လည်း နောက်ကျနိုင်သည်။ ကီပိုက သိပ်ပြီး အချိန်မလေးစားတတ်လှ။ သူက ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေတတ်သူ တစ်ယောက်ဖြစ်သည်။ အားလုံးနှင့် သိရှိနေသော်လည်း သူမနှင့် နီးစပ်ရာ သိပ်မရှိသည်မို့ ဦးတည်ချက်မဲ့စွာပင် အအေးများဧည့်ခံရာ စားပွဲဆီသို့ လျှောက်ကာ သွားလိုက်မိသည်။ ခုံနားသို့ တိုက်လုတိုက်ခင် နီးကပ်သွားတော့မှ သူမ အဖြစ်ကို သူမ သတိရကာ အအေးခွက်တစ်ခွက်ကို ကောက်ယူရ်ျ အအေးမျိုးစုံရောဖျော်ထားသော ဖျော်ရည်ကို တစ်ဝက်ထည့်ကာ ပြန်လှည့်ထွက်လာခဲ့ရသည်။ ထိုအချိန်တွင် သူမ နောက်ကျောမလုံသကဲ့သို့ပင် ခံစားမိလိုက်ရရ်ျ တစ်ဘက်သို့ ရုတ်တရက် လှည့်အကြည့်လိုက်တွင် စူးရှသော မျက်ဝန်းတစ်စုံကို သူမရင်ဆိုင်လိုက်ရသည်။ ဘယ်သူများ ပါလိမ့်။ ထိုသူကို သူမမသိ။ လူသစ်ဖြစ်ရမည်။ ထိုမျက်နှာကို သူမ တစ်ခါမှ မမြင်ဖူး။
အဲတာ ရိုင်နီယာ တဲ့။ သူက ဒီပွဲတွေ သိပ်မတက်ဘူး။ အစကနဦး noble တွေထဲက တစ်ယောက်ပေါ့... ဇဇ်စာ ကပြောသည်။ ဇစ်စာက ဗဟုသုတစုံသည်။ အနည်းဆုံး သူမထက်တော့ ပိုပြီး ထဲထဲဝင်ဝင်သိမည်။
ဒါကြောင့် ထိုသူကို သူမ မသိခြင်းပင် ဖြစ်ရမည်။ သူမ အဖွဲ့ဝင်ဖြစ်ခဲ့သည်မှ စရ်ျ ယနေ့အထိ တစ်ကြိမ်မှ မပျက်ကွက်ခဲ့ဘူးသေးပါ။
ဟေး၊ ငါတို့ရောက်ပြီ.... ကီပိုက ပြောပြောဆိုဆို ၀င်လာသည်။ မီဒါက ဘေးမှ ပြုံးပြုံးလေး လက်တွဲလျက် လိုက်ပါလာသည်။
ဇဇ်စာ က မီဒါ့ကို အကဲခတ်နေသည်။ သူမ၏ မျက်နှာတွင် အပြင်လူ ပါဝင်လာသည်ကို မနှစ်မြို့သည့်သဏ္ဍန်က အထင်းသား။
သြော်၊ ဇဇ်စာ။ ဒါ မီဒါတဲ့။ သူက noble blood တစ်ယောက်ပါ။ မီဒါ၊ ဒါ ကိုယ့်မိတ်ဆွ ဇဇ်စာတဲ့... ကီပိုက အဆောတလျင် ဇဇ်စာ့ကို ရှင်းပြပြောဆိုရင်း မီဒါနှင့် မိတ်ဆက်ပေးလိုက်သည်။
မီဒါက ဇဇ်စာကို ပြုံးပြသည်။ ဇဇ်စာလည်း ကီပို၇ှင်းပြသောအခါမှ ကျေနပ်သွားသည့်ဟန်ဖြင့် မီဒါ့ကို ခေါင်းညိတ်ကာ ပြနလည်နှုတ်ဆက်သည်။ သူမကတော့ မီဒါနှင့် ဇဇ်စာကို ယှဉ်လျက်တွေ့နေရသောကြောင့် ဘာရယ်မဟုတ် သူတို့နှစ်ယောက်၏ အလှကို ယှဉ်ကြည့်နေမိသည်။ မီဒါက ဥရောပနွယ်။ အဖြူဆွတ်သည့် အသားအရေကို မပိုင်ဆိုင်သော်လည်း အညိုရောင် ဆံပင်လိမ်လေးများနှင့် မျက်လုံးစိမ်းလေးများက သိသာထင်ရှားသည်။ တိဗက်သူလေး ဇဇ်စာကတော့ သူမနှင့် လုံးဝ ဆန့်ကျင်ဘက်။ သူမက မီဒါ၏ နန်းဆန်မှုနှင့် ယှဉ်လိုက်ပါက မှေးမှိန်သွားသယောင် ရှိသော်လည်း သူမနာမည်နှင့် လိုက်ဖက်သည့် နှင်းကျားဖြူမလေးတစ်ကောင်လို ငြိမ်သက်သော်လည်း ရက်စက်သည့် အလှမျိုးရှိသူ ဖြစ်သည်။
ရုတ်တရက်ဆိုသလို စူးရဲသော မျက်ဝန်းများကို ထပ်မံသတိရလိုက်ရ်ျ ထိုသူရှိရာဘက်ကို ကြည့်လိုက်မိသည်။ စောစောက နေရာတွင် ရိုင်နီယာဆိုသူကို မတွေ့ရတော့။ တစေ့တစောင်း အကဲခတ်ပြီးနောက် ပြန်သွားပြီထင်သည်။
ကီပိုနှင့် မီဒါတို့ သူမ ထင်ထားသည်ထက် ပိုရ်ျစောကာ ပြန်သွားကြသည်။ ထို့ကြောင့် သူမလည်း သူတို့နှင့်အတူ မပြန်ဖြစ်တော့ပဲ အခြားသူများနှင့် စကားစမြည်းပြောဆိုကာ ကျန်ရစ်ခဲ့သည်။ သူမက အတူပြန်ရန် အဖော်ရှိမည် မရှိမည်ထက် နောက်ပိုင်းတွင် ပြောနေကြသည့် စကားဝိုင်းကို ပိုမို စိတ်ပါဝင်စားနေသည်။ သူမတို့နှင့် တိုက်ရိုက်နီးပါး သက်ဆိုင်သော ဗီဇပြောင်းလဲမှုများနှင့် ကောင်းကျိုး ဆိုးကျိုးများ အကြောင်းကို အများဆုံး ဆွေးနွေးနေကြသောကြောင့် ယခုမှ ကှ်ျလောကကို ခြေချဖူးသော သူမအတွက်တော့ သိမှတ်စရာများက အတော် စုံလင်နေလေသည်။ ခဏအကြာ ရိုင်နီယာဆိုသူက မည်သည့်အချိန်က ပြန်ရောက်လာသည်မသိပဲ ၀င်ရောက်ပြောဆိုလာတာ တွေ့ရသည်။
လူအများစုကတော့ သဘာဝတရားကို အသုံးချကာ ရွေးချယ်သွေးနှောခြင်းဖြင့် ၂/၃ ခန့် လောက်ထိ ပြင်ဆင်ပြီးခဲ့ကြပြီးဖြစ်သော သူမတို့၏ဗီဇများကို ပိုမိုကောင်းမွန်လာစေရန်အတွက် ကျန်သော ၁/၃အား ဆက်လက် မည်ကဲ့သို့ ပြင်ဆင်ကြမည် ဆိုသည်ကို ပြောဆိုနေကြခြင်းပင်။ သူမကတော့ ငြိမ်သက်စွာပင် နားထောင်သူများထဲမှ တစ်ယောက် ဖြစ်လေသည်။ နာရီ အနည်းငယ်အကြာတွင် ပြောစရာများ ကုန်သွားသောကြောင့်ထင့် စကားဝိုင်းပြီးဆုံးသွားသည်။ သူမတို့အားလုံးလည်း ကိုယ်စီကိုယ်စီ မိတ်ဆွေအစုစုဖြင့် ၀ိုင်းဖွဲ့ကာ အနားယူသူ အနားယူ၊ ပြန်ရန် နှုတ်ဆက်သူ နှုတ်ဆက်ဖြင့် တစ်အိမ်လုံး ရှုပ်ယှက်ခတ်နေလေသည်။
မင်္ဂလာပါ။ ကျွန်တော့်နာမည် ရိုင်နီယာပါ။ ခင်ဗျား ကျွန်တော့်ကို သိပြီး ဖြစ်မယ်ထင်ပါတယ်... သူက စတင်ရ်ျမိတ်ဆက်သည်။
သူမက အလိုက်သင့်ပင် လေးစားမှုပေးလိုက်သည်။ noble တစ်ယောက်ကို အခြားသူများအား ပြုလုပ်သကဲ့သို့ တော်ရုံသာ အသိအမှတ် ပြုသည့်အထိတော့ သူမ မမိုက်မဲသေးပါ။ သူမတွင် ပြောစရာစကားလည်း မရှိလှသောကြောင့် သူ၏ စကားစကိုပင် စောင့်ဆိုင်းနေလိုက်သည်။

=====
(ဖတ်ရှုခြင်းကို ကျေးဇူးတင်ပါသည်။ စာဖတ်သူ)

0 comments:
Post a Comment