စာမေးပွဲများကို ဖြေဆိုပြီးသည်မှာ ရက်ပိုင်းမျှရှိခဲ့ပြီ။ အေးဆေးစွာ အနားယူနေသော ထိုအချိန်တွင် ကီပိုက ဖုန်းဆက်လာခဲ့သည်။
ဟယ်လို.. ကီပိုလား၊ ပြော...
ငါ နင့်ကို မိတ်ဆက်ပေးမလို့.. ကီပို အသံက မြူးထူးနေသည်။
ဘယ်သူနဲ့လဲ.. သူမ နည်းနည်း နားရှုပ်သွားသည်။
ဟဲဟဲ၊ ငါ့ချစ်သူနဲ့ရော တခြားသူတွေနဲ့ရော။ ဟားဟား... ကီပို ပြောပုံကြောင့် သူမပါ ရယ်မိသည်။ သေချာသည်။ သူ အတော်ပျော်နေသည်။ နောက် နှစ်ရက်အကြာ ညနေပိုင်းတွင် ဆုံတွေ့ကြရန် သူမ လက်ခံလိုက်သည်။
သူမ မထင်မှတ်မိစွာပင် ကီပို့ကောင်မလေးက သူနှင့် မလိုက်ဖက်လောက်အောင် ချစ်စရာကောင်းနေလေသည်။ ညနေစောင်း နေရောင်အောက်တွင် သူမအလှက ဖုံးမရ ဖိမရ တောက်ပလှသည်။ ထိုအရာထက် သူမကို ပိုမို အံသြစေသည်က ကီပို့ချစ်သူသည် noble blood line မှ ဖြစ်သည် ဟူသော အချက်ပင်။ ထိုသို့သော မိန်းကလေးမျိုးသည် တချိန်တွင် ဒုက္ခပေးလာနိုင်သော အန္တရယ်တစ်ခုကို သူမတို့ထက်ပင် ပိုမိုသိရှိပါလျက်နှင့် ကီပို့ကို ရွေးချယ်ခဲ့သည်ဆိုတော့ သူမ၏မေတ္တာသည် စစ်မှန်သော မေတ္တာပင် ဖြစ်ရပေမည်။
ဒါ ငါ့ချစ်သူ... မီဒါ တဲ့.. ကီပိုက မိတ်ဆက်ပေးသည်။ မီဒါ... ရှေးကျသော နာမည်တစ်ခု။ သူမ ချက်ချင်းပင် သတိထားမိလိုက်သည်။
ငါ သူ့ကို မိတ်ဆုံစားပွဲတစ်ခုမှာ ဆုံခဲ့တာ။ မြင်မြင်ချင်း ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သတိထားမိတာ။ ငါဆို တခြားသူတွေကိုတောင် သတိမရတော့ဘူး... ကီပိုက အားပါးတရ ပြောပြနေသည်။ ကောင်မလေးက အပြုံးလေးဖြင့် ထောက်ခံနေသည်။ ကီပို့ကောင်မလေးကို သူမ သဘောကျပါသည်။ သို့သော် သူတို့ နောင်ရေးအတွက် တစ်ခုခုကို စိတ်မချသလို ခံစားနေရသည်။ သို့ပေမယ့် ဒါက ကီပို့ကိစ္စပင်။ ပြသနာရှီလာခဲ့လျှင်လည်း သူ့ဘာသာသူ ဖြေရှင်းလိမ့်မည်ပေါ့။
အဲဒီလို မိတ်ဆုံစားပွဲ နောက်တစ်ခါ နောက်နေ့လုပ်ဦးမှာ။ အဲတာ နင့်ကိုပါ ခေါ်တာ.. ကီပိုပြောတော့မှ သူမ အတွေးစကို ဖြတ်လိုက်ရသည်။ သူမ လိုက်မည်ဟု ကတိပေးလိုက်သည်။ အပြင်မသွားရသည်မှာလည်း ကြာပြီပင်။
ခဏနေတော့ သူမတို့ လမ်းခွဲလိုက်ကြသည်။ ပျော်မြူးကျီစယ်နေသော ချစ်သူနှစ်ဦးအနားတွင် သူမ ဆက်လက် ရှိမနေချင်လှပေ။ သူတို့လည်း ချစ်စကြင်စ လွတ်လွတ်လပ်လပ် ပျော်ကြပါစေဟု သဘောဖြင့် ပြန်လာခဲ့သည်။ ညဘက်ရောက်တော့ ကီပိုက ဖုန်းခေါ်သည်။
ငါ့ကောင်မလေးက နောက်လုပ်မယ့် မိတ်ဆုံစားပွဲတစ်ခု နင့်ကို ဖိတ်ခိုင်းလို့။ သေချာလာဖြစ်အောင်လာနော်...
သူမ ထိုနေ့ညနေတွင် ကီပိုတို့နှင့် ဆုံကာ ထိုပွဲသို့ သွားရောက်ခဲ့သည်။ ထင်ထားသလို မဟုတ်သည့်အတွက် သူမနည်းနည်းတော့ စိတ်ရှုပ်သွားသည်။ သူမထင်ခဲ့သည်က သူမပတ်သတ်နေသော သီးသန့်ကမ္ဘာလေးမှ လူတော်တော်များများကို တွေ့ဆုံရလိမ့်မည်ဟု။ ထိုသို့မဟုတ်ပဲ အခြားသော သူမ တခါမျှ မဆုံဖူးသည့်သူများကို ပိုမိုတွေ့ရသည့်အခါ သူမသည် ကှ်ျလောက၏ ကျယ်ဝန်းပြန့်နှံ့မှုကို အနည်းငယ်ပင် ကြောက်သွားမိသည်။
ကီပို့ကောင်မလေးက သူမအား လူအတော်များများနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမကတော့ အလိုက်သင့်ပင် နေလိုက်သည်။ ကှ်ျပွဲတွင် သူမထက် ပိုမိုအင်အားကြီးမားသော သူများ အများစုဖြစ်နေကြောင်းကို သူမ ခံစားသိရှိနေရသလို ဖြစ်နေသောကြောင့် စိတ်ထဲတွင် အနည်းငယ် စနိုးစနောင့် ဖြစ်နေမိသည်။ သို့သော် ကီပို့ကို သူမ ကျေးဇူးတင်ရပေမည်။ ကှ်ျလောကသည် သူမ ထင်မှတ်တာထက် အများကြီး ပိုမိုနက်ရှိုင်းမှန်း ထိုနေ့က သူမ သိခွင့်ရခဲ့သည်။
ထိုအချိန်မှစရ်ျ ကီပိုတို့နှစ်ယောက်က သူမအား သူတို့တက်သမျှပွဲတိုင်းကို ဖိတ်ကြားခဲ့လေသည်။ သူမကလည်း အများစုကို တက်ရောက်ဖြစ်ခဲ့သည်ပင်။ တစ်နေ့တွင်တော့ ကီပိုနှင့်မီဒါက သူမအား အိုင်ဗိုလဗ်အမည်ရသော ဦးကြီးတစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ သူမ ကလည်း ရိုသေသမှုပေးလိုက်သည်။ ထိုဦးကြီး၏ ကျယ်ပြန့်သော စွမ်းအားကို သူမလိုပင် တစ်ခန်းလုံးမှ လူများ ခံစားရမည်ဟု သူမသိသည်။ ထိုဦးကြီးက သူမအား အရေးတယူပင် သူမ၏ ကိုယ်ပိုင်ဘ၀အကြောင်း၊ သွေးနှောခြင်းနှင့် ဗီဇများ လျင်မြန်စွာ ပြောင်းလဲသွားပုံတို့ အပေါ် သူမ၏အမြင်ကို စိတ်ဝင်စားစွာ မေးမြန်းခဲ့သည်။ သူမကလည်း ရိုးသားစွာပင် ပြန်လည် ဖြေကြားခဲ့လေသည်။ ထိုနေ့က သူမအား ထိုဦးကြီးက နောက်တစ်ခါကျလျှင် အေးအေးဆေးဆေး ဆွေးနွေးပါဦးမည်ဟုဆိုကာ သူ၏ကဒ်ကို ပေးထားခဲ့သည်။
ဒေါက်တာ ဂိုနိုဗော့ခ်ျ အိုင်ဗိုလဗ်
သိပ်ပံနှင့် မျိုးရိုးဗီဇ ပုဂ္ဂလိက ဓာတ်ခွဲခန်း
အိုင်ဗိုလဗ်... ထိုနာမည်ကို သူမကြားဖူးသည်။ ဘယ်နားမှာမှန်း သတိမရ။ သူမ ဆက်လက်တွေးတောဖို့ မစဉ်းစားတော့ပဲ အိမ်သို့ ပြန်ရန် ပြင်လိုက်သည်။ ကီပိုရော သူမပါ သဘက်ခါတွင် သူမတို့ ပါဝင်ထားသော သီးသန့်ကမ္ဘာလေး၏ တွေ့ဆုံပွဲကို သွားရောက်ရဦးမည်ကို ကီပိုအား သတိပေးရပေဦးမည်။

=====
(ဖတ်ရှုခြင်းကို ကျေးဇူးတင်ပါသည်။ စာရေးသူ)

0 comments:
Post a Comment